July 11, 2013

သည်းခြေအိတ် တွင် ကျောက်တည်ခြင်း အတွက်ကုထုံး ။

သည်းခြေအိတ် တွင် ကျောက်တည်ခြင်း အတွက်ကုသနည်း
Dr.Lai Chiu-Nam ၏ ဆေးနည်းဖြစ်ပါသည် ။
သည်းခြေကျောက်တည်သော ရောဂါ၏ လက္ခဏာ တစ်ခုမှာ
အစာကိုများများ စားပြီးနောက် ဝမ်းဗိုက်ပြည့်တင်း ဖေါင်းကားလာသကဲ့သို့ ခံစားရခြင်းဖြစ်တတ်သည် ။
အစာမကျေ သကဲ့သို့ လည်းခံစားရပါသည် ။ ရောဂါအခြေအနေပိုဆိုးလာပါက
အသည်းနေရာ တဝိုက်တွင် နာကျင်မှု့ ကို ခံစားရပါမည် ။

ဘယ်လို ကုရမလဲ ?





၁ ။ ပထမ ( ၅ ) ရက်တွင် နေ့ စဉ် ပန်းသီး ဖျော်ရည် ( ၄ ) ခွက် သောက်ပါ ။
     (သို့ မဟုတ်) ပန်းသီး လေး ၊ ငါးလုံး စားပါ ။

     တရုတ်ပြည်မှ ဝင်သော အခွံနီ ပန်းသီးအကြီး ဖြစ်ပါသည် ။
     အစိတ်သေးသေးစိတ်၍  မနက် ၂ လုံး ၊ နေ့ လည် ၂ လုံး ၊ ည ၁ လုံး စားနိုင်ပါသည် ။
     *** ပန်းသီးရည်သည် သည်းခြေကျောက်များကို ပျော့စေနိုင်ပါသည် ။ ***

၂ ။ ၆ ရက်မြောက်သောနေ့ တွင် ညစာ မစားဘဲနေပါ ။

၃ ။ ထိုနေ့  ညနေ ၆ နာရီတွင် ဆားခါး 
     ( Epsom salt ) ( MgSo4 ) တစ်ဇွန်းကို ရေနွေး တစ်ဖန်ခွက် နှင့်သောက်ပါ ။

၎ ။ ည ( ၈ ) နာရီ တွင် အထက်ပါအတိုင်း ဆားခါး တစ်ဇွန်း ထပ်သောက်ပါ ။
     *** ဆားခါးသည် သည်းခြေအိပ်ပြွန်များကို ပွင့်စေပါသည် ။ ***

၅ ။ ည ( ၁၀ ) နာရီတွင် သံလွင်ဆီ ( သို့ ) နှမ်းဆီ ပန်းဂံလုံး တစ်ဝက် ကို
     လတ်ဆတ်သော သံပုရာရည် ပန်ဂံလုံး တစ်ဝက် နှင့် သေချာစွာ ရောမွှေပြီးမှ သောက်ပါ ။

     *** ဆီ သည် သည်းခြေကျောက်များကို ချောမွေ့ စွာ ထွက်စေနိုင်ပါသည် ။ ***
     ပန်းဂံလုံး တစ်လုံးစာ = ၂၅၀ မီလီ လီတာ

နောက်တစ်နေ့  ဝမ်းသွားသောအခါ ဝမ်းထဲတွင် အစိမ်းရောင်ကျောက်များကို တွေ့ ရပါမည် ။

0 မှတ်ချက် ။: