May 21, 2013

Samsung Galaxy Series Version 4.0 နဲ့ အထက် တွေမှာ မြန်မာ Font နဲ့  Keyboard သွင်းမယ် ။

Samsung Galaxy Note GT-N7000 ကို မြန်မာစာ မြင်ရဖို့  မြန်မာလိုရိုက်ဖို့ အတွက်
Zawgyi font တွေ Frozen Keyboard တွေ သွင်းပြီး တော့ဒီလို ထပ်လုပ်ရပြန်သေးတယ် ။
ကဲ ... ဒီတစ်ခါလည်း File ၂ File လိုအပ်ပြန်ပြီ ။

 













Root_Explorer ကို ယူပါ ။
DroidSansFallback.ttf ကို ယူပါ ။

Ready  စမယ်နော် ။
၁ ။ Root explore ကို install လုပ်လိုက်ပါ ။
၂ ။ download ဆွဲထားသော Droidsansfallback.ttf ကို sd card ထဲ ထည့်ထားပါ ။
၃ ။ Root explore ကို run လိုက်ပါ။ super user permission ပေးလိုက်ပါ ။
၎ ။ sd card ထဲမှာ ထည့်ထားတဲ့ Droidsansfallback.ttf ကို ၃ စက္ကန့်လောက် ဖိထားပါ ။


၅ ။ ပေါ်လာတဲ့ Pop-up Menu ထဲက Copy ကိုရွေးပါ ။

 

၆ ။ /Systems/Fonts အောက်ကိုသွားပါ ။ DroidSansFallback.ttf ပေါ်မှာ ဖိထားလိုက်ပါ ။ 
အဲ့ဒီလို ဖိမထားခင်မှာ စစ်ဆေးရမှာက System type က r/w ဖြစ်နေရမှာဖြစ်ပါတယ် ။


၇ ။ ပေါ်လာတဲ့ Pop-up Menu ထဲက Permission ကိုရွေးပါ ။

 
၈ ။ Permission ထဲမှာ အားလုံးကို အမှန်ခြစ်ရွေးပြီး Ok ကိုနှိပ်ပါ။
၉ ။ ပြီးရင် တော့ Paste ကိုနှိပ်လိုက်ပါ ။
၁၀ ။ Overwrite လုပ်မလားလို့ မေးလာရင် Yes ကိုနှိပ်လိုက်ပါ ။

ကဲ ... Android မှာ Zawgyi font ကို Install လုပ်ပြီးသွားပါပြီ ။
You Did It .
အဆင်ပြေပါစေ ။

0 မှတ်ချက် ။: